Certification #2: CREST CPSA, CREST CRT certificates ယူသင့်သလား?

Ba Yin Min
1 min readJul 25, 2021

--

အကြမ်းဖြင်းအားဖြင့် CREST certificates တွေက UK CREST non-profit အဖွဲ့က ဦးစီးတဲ့ စာမေးပွဲပါ။ အများအားဖြင့် UK နဲ့ common wealth countries တွေမှာ အသိမှတ်ပြုလေ့ရှိတယ် ဥပမာ Australia နဲ့ Singapore.

အထူးအဖြင့် စင်ကာပူမှာ financial sector နဲ့ အရေးကြီးတဲ့ industry sectors တွေဆိုရင် crest certified ဖြစ်တဲ့ pentesters တွေသာ pentest project တွေမှာ ပါလို့ရတယ်။ OSCP က မရှိမဖြစ် basic certificate ဖြစ်ပြီး CREST CPSA နဲ့ CREST CRT certificate တွေရှိရင် pentester ဈေးကွက်မှာ အရမ်းမျက်နှာရ ပြီး အလုပ်ရှာရလွယ်တယ်။ ဒါကြောင့် OSCP ရပြီးသွားရင် CREST CRT နဲ့ CREST CPSA ကို ယူတာပိုကောင်းတယ်။

ပြဿနာရှိတာက cert နှစ်ခုလုံးက ၃ နှစ်သက်တမ်း ပဲ ရှိပါတယ်။ ၃ နှစ်တခါ ဆက်ဆက်ပြီးတိုးနေရမှာ။ စာမေးပွဲပြန်ဖြေရပါတယ်။ exam ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၀၀၀ အောက်မှာပါ။ CREST CPSA က theory exam ဖြစ်ပြီး multiple choice exam ကို exam center သွားပြီး computer based ဖြေရပါတယ်။ CREST CRT က practical exam ပါ။ ကိုယ့်ကွန်ပျုတာ နဲ့ Linux / windows သွင်းပြီး exam center မှာ‌ဖြေရပါတယ်။ ဖြေပြီးရင် harddisk ဖြုတ်ပေးခဲ့ရတယ်။ သူတို့က အကုန် wipe လုပ်ပြီးမှ ပြန်ပေးတယ်။ နည်းနည်းတော့အလုပ်ရှုပ်တယ်။

တခြား အလွယ်နည်း လုပ်ကြတာတော့ OSCP ဖြေပြီး ၃ နှစ် အတွင်း CREST CPSA theory exam အောင်ရင် OSCP equivalency ဆိုပြီးလျှောက်လို့ရတယ်။ OSCP နဲ့ CREST CPSA certificate ပြပြီး ‌UK pound 100 သွင်းရင် CREST CRT cert ကို အလိုအလျှောက်ရပါတယ်။ CREST CRT cert ရဲ့ expiry date က CREST CPSA.ရဲ့ expiry date နဲ့ တူတူပေးထားတာပါ။ timing သေချာတွက်ဖို့လိုတယ်။

CREST website ကတော့ ဒါပဲ။

https://www.crest-approved.org/

အဲဒီဝက်ဆိုက်မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။

--

--

Ba Yin Min
Ba Yin Min

Written by Ba Yin Min

Pentester. Application & Cyber Security enthusiast. Insatiable learner.

No responses yet